မြန်မာစာတန်းထိုး
This time, I would like to introduce Snowpiercer, a film directed by Bong Joon Ho, who won many awards with Parasite.
In 2014, they tried to prevent global warming by using a chemical called CW7.
But as a result, the world not only warmed up, but also entered an extremely cold ice age.
A man named Welford, who foresaw that this would happen, invented a giant snowplow train that travels around the world once a year.
Taking energy from the snow and driving non-stop in a sealed ecosystem, the head quarters of the giant train are high-class luxury rooms for the rich. Full of services, but for the poor who do not cling to the train, they are under the surveillance of armed soldiers in the dark rooms of the train trailer, which is dirty and there is only a back seat.
So, 17 years later, we have to see the revolutionary images of the people in the train trailer who are not getting a single drop of human rights to live only as animals.
The film mainly uses two Korean actors and English actors, and is mainly shot in English.
Since it is the work of the great director Bong Joon Ho, I don't think it needs special reference.
It's a good movie to watch without going completely ordinary.
Look and feel.
CM
ဒီတစ်ခါ Parasite ဇာတ်ကားနဲ့ ဆုပေါင်းများစွာကိုသိမ်းပိုက်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ Snowpiercer (နှင်းခွဲရထား) ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
၂၀၁၄ ခုနှစ်မှာ CW7 ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုအသုံးပြုပြီး ကမ္ဘာကြီးပူနွေးမှုကိုကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။
ဒါပေမယ့် အကျိုးဆက်အနေနဲ့ ကမ္ဘာဟာမပူနွေးတော့ရုံမက အေးခဲလွန်းတဲ့ရေခဲခေတ်ကိုရောက်ရှိသွားပါတော့တယ်။
ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုမြင်နေတဲ့ ဝဲလ်ဖို့ဒ်ဆိုတဲ့လူကြီးက ကမ္ဘာကြီးကို တစ်နှစ်တစ်ခါလည်ပတ်နေတဲ့ နှင်းခွဲရထားကြီးကိုတီထွင်ခဲ့ပါတယ်။
နှင်းတွေကနေစွမ်းအင်ကိုယူပြီး အလုံပိတ်ဂေဟစနစ်နဲ့ မရပ်မနားခုတ်မောင်းနေတဲ့ဧရာမရထားကြီးရဲ့ခေါင်းတွဲပိုင်းတွေဟာ လူချမ်းသာတွေအတွက် ဇိမ်ခံအဆင့်အတန်းမြင့်အခန်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြည့်နေပေမယ့် အသက်မသေဖို့အရေး ရထားပေါ်မရမကဖက်တွယ်လိုက်ပါလာတဲ့ လူဆင်းရဲတွေအတွက်ကတော့ ညစ်ပတ်ပေရေနေပြီး ကျောတစ်ချစာသာနေရာရှိတဲ့ ရထားနောက်တွဲအမှောင်ခန်းတွေထဲ လက်နက်ကိုင်စစ်သားတွေရဲ့စောင့်ကြည့်မှုအောက်မှာ နေကြရပါတယ်။
ဒီလိုနဲ့ ၁၇နှစ်အကြာမှာ တိရစ္ဆာန်သာသာနေနေရတဲ့ လူ့အခွင့်အရေးဆိုတာကိုတစ်စက်မှမရကြရှာတဲ့ ရထားနောက်တွဲကလူတွေရဲ့ တော်လှန်တဲ့ပုံရိပ်တွေကိုကြည့်ကြရမှာပါ။
ဒီဇာတ်ကားမှာတော့ ကိုရီးယားဇာတ်ဆောင်နှစ်ဦးနဲ့ အင်္ဂလိပ်သရုပ်ဆောင်တွေ အဓိကသုံးထားပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။
ဒါရိုက်တာကြီး Bong Joon Ho ရဲ့လက်ရာဆိုတော့ အထူးတလည်ညွှန်းစရာလိုတော့မယ် မထင်ပါဘူး။
လုံးဝရိုးအီမသွားဘဲအတော်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။
ကြည့်ရှူခံစားလိုက်ကြပါဦး။
CM
ဒေါင်းလုတ်လင့်
📣 Link 2 နဲ့ ဒေါင်းမယ်ဆိုရင် Browser မှာ Google Account တစ်ခု Log In ဝင်ထားမှ ဒေါင်းလို့ရပါမယ်။
SD Size - 470 mb
Link 1 ➡ Download
Link 2 ➡ Download
Link 3 ➡ Download
HD Size - 1.3 GB
Link 1 ➡ Download
Link 2 ➡ Download
Link 3 ➡ Download
Tags
US