Predator

မြန်မာစာတန်းထိုး








IMDb Rating (7.8) / Rotten Tomatoes (80%)

Presenting the first film of Predator (hunting beast), animated by Jim Thomas and John Thomas.

The title of the novel they wrote is Hunter.

Starring Arnold Schwarzenegger, the film received critical and critical acclaim and is one of the best films of the 1980s, making it one of the classics of science fiction.

Because of the success of this film, many more Predator films have been released, so it is a must-see film.

It was popular among Generation X and Y, and anyone who hasn't seen it has been considered a jungler.

15 million was used and more than 98 million was returned.

He was followed by Predator 2 (1990); Predators (2010); The Predator (2018) and Prey (2022) were released respectively.

Alien vs. Two Predators have been released.

Alien vs. Predator (2004) and Alien vs. Click Predator: Requiem (2007).

The big masked alien killer with a cannon on his shoulder was liked by thousands of fans.

The story begins with a former CIA agent who wants to prevent a Russian-influenced country from invading the United States.

After the pictures of marching through the jungle and the battle to capture the camp, when the hunter hunts down Arnold and his group one by one, the pictures of the big men wearing thirty wings fighting back against the powerful aliens are still amazingly fresh and young, so you should keep them in your device, Old but Gold.

(Film credits and translation provided by Arr Khun Winchester.)

CM

IMDb Raing (7.8) / Rotten Tomatoes (80%)

Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သား အသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။

သူတို့ရေးခဲ့တဲ့ ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ 

Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားက ဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။

ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကားတွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ 

Generation X နဲ့ Y တို့ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသားအဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့‌ဗျာ။

၁၅ သန်း အသုံးပြုခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။

သူ့နောက်မှာ Predator 2 (1990)၊ Predators (2010)၊ The Predator (2018) နဲ့ Prey (2022) တို့ အသီးသီး ထွက်ရှိခဲ့ပါတယ်။

မှီငြမ်းဇာတ်ကားအဆက်တွေအနေနဲ့ Alien vs. Predator နှစ်ကား ထွက်ခဲ့ပါသေးတယ်။ 

Alien vs. Predator (2004) နဲ့ Alien vs. Predator: Requiem (2007) တို့ပါ။

မျက်နှာဖုံးစွပ်ကြီးတပ်ပြီး ပုခုံးပေါ်မှာ အမြောက်ပါတဲ့ ကိုယ်ပျောက်လူသတ်သမား ဂြိုဟ်သားကြီးကို ပရိသတ်က နှစ်ထောင်းအားရ ကြိုက်နှစ်သက်ခဲ့ကြတာပေါ့လေ။

ဇာတ်လမ်းအကျဉ်းကတော့ ရုရှားဩဇာခံနိုင်ငံတစ်ခုက အမေရိကားကို ကျူးကျော်လာမယ့်ဘေးကို တားဆီးချင်တဲ့ စစ်သားဟောင်းကြီး CIA အေးဂျင့်က အာနိုးတို့ အထူးတပ်ဖွဲ့ကို လံကြုပ်ဇာတ်လမ်းဆင်ပြီး တောထဲအပါခေါ်ခဲ့ရာက စပါတယ်။

တောတွင်းချီတက်ပုံတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေအပြီးမှာ အာနိုးတို့အဖွဲ့ကို အမဲလိုက်သူကြီးက တစ်ယောက်ချင်း အမှည့်ချွေလာတဲ့အခါမှာတော့ အားမတန်တဲ့ ဂြိုဟ်သားကြီးကို အတောင်သုံးဆယ်ဝတ် မင်းယောက်ျားကြီးတွေ ပြန်လှန်ခုခံကြပုံတွေက အံ့မခန်း လတ်ဆတ်နုပျိုနေဆဲဖြစ်တာမလို့ ကိုယ့်ရဲ့ Device ထဲမှာ သိမ်းထားသင့်တဲ့ Old but Gold ဖြစ်ပါကြောင်း။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

CM

ဒေါင်းလုတ်လင့်

Link 2 နဲ့ ဒေါင်းမယ်ဆိုရင် Browser မှာ Google Account တစ်ခု Log In ဝင်ထားမှ ဒေါင်းလို့ရပါမယ်.....

SD Size - 166 mb

Link 1 ➡ Download

Link 2 ➡ Download


HD Size - 1.1 GB

Link 1 ➡ Download

Link 2 ➡ Download








Previous Post Next Post