The Great Battle

မြန်မာစာတန်းထိုး









၂၀၁၈ ထွက် ကိုရီးယားရာဇဝင်ကားကောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်.....

ဇာတ်ကားနာမည်လေးက The Great Battle ပါ.....

မင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂုလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့ အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးပါ.........

ဂိုဂုလျောက စစ်သူကြီးယွန်းဟာ အန်စီခံတပ်အုပ်ချုပ်ရေးမှူး ယန်မန်ချွန်ရဲ့ အမိန့်မနာခံမှုကို အပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူး......

အန်စီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မွာတော့ ဆာမူဟာ အုပ်ချုပ်ရေးမှူးယန်ရဲ့ ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့ပါဘူး.......

တိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာ အန်စီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်ရဲ့ ပါးနပ်မှု လက်ရုံးရည် နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပါဘူး.............

၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားပါ.......

ဒီ့အပြင် အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါ ပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ........

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ)

Channel Myanmar

ဒေါင်းလုတ်လင့်

Link 2 နဲ့ ဒေါင်းမယ်ဆိုရင် Browser မှာ Google Account တစ်ခု Log In ဝင်ထားမှ ဒေါင်းလို့ရပါမယ်.....

SD Size - 361 mb

Link 1 ➡ Download

Link 2 ➡ Download


HD Size - 1 GB

Link 1 ➡ Download

Link 2 ➡ Download







Previous Post Next Post